Cyber Planet အင်တာနက် ကဖေးကို ၂၀၀၇ ခုနှစ် သြဂုတ်လ ၁၅ရက် နေ့မှာ ...
စတင်ဖွင့်ခဲ့ တာပေါ့....
နေရာလေးက တော့ တောင်ကြီး မြို့... မင်္ဂလာဦးရပ်ကွက်ထဲမှာ ဖြစ်ပါတယ်...
အများတကာ ဆိုင်တွေထက် စာရင် မြို့လည်ခေါင်ထက်စာရင် ချောင်ကျတယ်လို့ပြောလို့ရပေမယ့်....
လူနေစိပ်တဲ့ ရပ်ကွက်လေးဖြစ်တာမို့...
အတော်အသင့် အဆင်ပြေတဲ့နေရာ လေး ဖြစ်ပါတယ်...
လာမယ်ဆိုရင်တော့...
မင်္ဂလာဦး တိုက်(၆)လုံး(၀န်ထမ်းအိမ်ရာ) ကို သွားလာတဲ့ မင်္ဂလာလမ်း တလျှောက် တက်လာရပါမယ်
အဲဒီ မင်္ဂလာလမ်း ကခွဲထွက် လာတဲ့ ရတနာလမ်း ဆိုတဲ့ လမ်းသွယ်လေးထဲမှာပေါ့....
ဆိုင်ရဲ့ပတ်ဝန်းကျင်မှာ အထင်ကရအားဖြင့် ကုန်းထက်(ကြက်ဆီထမင်း၊ရေခဲမုန့်ဆိုင်)၊ ရွှေလည်တိုင် လက်ဘက်ရည်ဆိုင် စသဖြင့် တည်ရှိပါတယ်..
ကျနော်တို့ရဲ့ ဆိုင်ကလေးမှာ..အင်တာနက် ကွန်နက်ရှင် SPEED ကတော့ 1 Mega Bits(1Mbps) နှုန်းနဲ့ အသုံးပြုထားပါတယ်...
512 Kilo Bits(512kbps) ထက် ၂ဆ သာလွန်တယ်လို့ဆိုရမှာပေါ့ ခင်ဗျ...
စက်အလုံးရေ (၁၅) လုံး အသုံးပြုထားပြီး .. ISA Proxy Server အသုံးပြုထားတဲ့အတွက် ကွန်နက်ရှင်ကောင်းမွန်မှာကတော့ သေချာပါတယ်..
အဲဒါကြောင့် လူကြီးမင်းတို့ အသုံးပြုချင်တဲ့ အသံ + ရုပ် ဆက်သွယ်မှုများကို ကောင်းမွန်စွာ ပြုလုပ်နိုင်ပါတယ်...
နောက်တစ်ခုကတော့...
Phone Finger Go.. ဆိုတဲ့ Pfingo ပါ...
ဒါကလည်း Cyber Planet ရဲ့ ၀န်ဆောင်မှုတစ်ခုပါ..
Pfingoက နိုင်ငံတကာကို ဈေးသက်သက်သာသာနဲ့ ဖုန်းခေါ်နိုင်အောင် ဆောင်ရွက်ပေးပါတယ်
China , Singapore နိုင်ငံတွေဆိုရင် တစ်မိနစ် (၅၀)ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်
အခြားအခြားသောနိုင်ငံများကို လည်း အလွန်သက်သာတဲ့ နှုန်းထားတွေနဲ့ ခေါ်ဆိုနိုင်ကြောင်း အသိပေးလိုက်ရပါတယ်ခင်ဗျာ..
04 December, 2008
Subscribe to:
Posts (Atom)