04 December, 2008

ဆိုင်ဘာ ပလန်းနက် အင်တာနက် ကဖေး

Cyber Planet 1 အင်တာနက် ကဖေးကို ၂၀၀၇ ခုနှစ် သြဂုတ်လ ၁၅ရက် နေ့မှာ ...
စတင်ဖွင့်ခဲ့ တာပေါ့....
နေရာလေးက တော့
တောင်ကြီး မြို့... မင်္ဂလာဦးရပ်ကွက်ထဲမှာ ဖြစ်ပါတယ်...

အများတကာ ဆိုင်တွေထက် စာရင် မြို့လည်ခေါင်ထက်စာရင် ချောင်ကျတယ်လို့ပြောလို့ရပေမယ့်....
လူနေစိပ်တဲ့ ရပ်ကွက်လေး ဖြစ်ပါတယ်...

မိတ်ဆွေတို့ . လာမယ်ဆိုရင်တော့...
မင်္ဂလာဦး တိုက်(၆)လုံး(၀န်ထမ်းအိမ်ရာ) ကို သွားလာတဲ့ မင်္ဂလာလမ်း တလျှောက် တက်လာရပါမယ်

အဲဒီ
မင်္ဂလာလမ်း ကခွဲထွက် လာတဲ့ ရတနာလမ်း ဆိုတဲ့ လမ်းသွယ်လေးထဲမှာပေါ့....
ရတနာလမ်းကို မကွေ့ခင် ညာဘက်မှာ အကင်နဲ့ မြီးရှည်ဆိုင်ရှိပါတယ်..
ဘယ်ဘက်ကို ကွေ့ဝင်လာရပါမယ်..


Cyber Planet 1 ဆိုင်ကလေးမှာ..အင်တာနက် ကွန်နက်ရှင် SPEED ကတော့ MPT ADSL 1 Mega Bits(1Mbps)နဲ့ SKY NET
2 MegaBits(1Mbps) နှုန်းအသုံးပြုထားပါတယ်...


စက်အလုံးရေ (၁၅) လုံး အသုံးပြုထားပြီး .. Cache Server အသုံးပြုထားပါတယ်..
=======================================================================================

Cyber Planet 2
အင်တာနက် ကဖေး
ကို ကြံခိုင်ရေး မီးပွိုင့်လို့ လူသိများတဲ့ မီးပွိုင့်အနီးမှာပေါ့..
ဗိုလ်ချုပ်ပန်းခြံရဲ့ မြောက်ဘက် မျက်နှာချင်းဆိုင်
သီရိမင်္ဂလာအိမ်ယာ (ခေါ်) (၉၉၉)တိုက်
ကလေးဆေးရုံလမ်းပေါ်
မြေညီထပ် အခန်းအမှတ်(၁၀၉)မှာ ဖွင့်ထားပါတယ်..


Cyber Planet 2 ဆိုင်ကလေးမှာတော့..အင်တာနက် ကွန်နက်ရှင် SPEED ကတော့ MPT ADSL 512 KiloBits(512Kbps)နဲ့ SKY NET
2 MegaBits(1Mbps) နှုန်းအသုံးပြုထားပါတယ်...

စက်အလုံးရေ (၁၇) လုံး အသုံးပြုထားပြီး .. Cache Server အသုံးပြုထားပါတယ်..
အပေါ်ထပ်+အောက်ထပ် ခွဲထားပါတယ်..

Color Printing, Scanning, Wifi and Network Services များကိုလည်း ၀န်ဆောင်မှုပေးပါတယ်..